CB Insurance ... For your Financial Security !

တောင်သူလယ်သမားအသက်အာမခံ

တောင်သူလယ်သမားအသက်အာမခံသည် အသက် ၁၆ နှစ် မှ ၆၀ နှစ်အတွင်းရှိ တောင်သူလယ်သမားနှင့် ၎င်းတို့၏မိသားစုဝင်များ၊ လယ်ယာလုပ်ငန်းအတူလုပ်ကိုင်သူများ ထားရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။


အာမခံအကာအကွယ် နှင့် အကျိုးခံစားခွင့်များ

  • သေဆုံးမှုအကျိုးခံစားခွင့် - အာမခံထားငွေ၏ ၁၀၀ ရာခိုင်နှုန်း
  • ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွင့် - ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ထားသောနှုန်းထားများအတိုင်း
  • ဆေးရုံတက်အကျိုးခံစားခွင့် (မတော်တဆထိခိုက်ဒဏ်ရာကြောင့်သာ) - အာမခံထားငွေ ကျပ် ၁ သိန်းအတွက် (၁) ရက်လျှင် ကျပ် ၂၀၀၀(တစ်ကြိမ်လျှင် အများဆုံး (၅) ရက်နှင့် ၃ ကြိမ်အထိသာ)

အာမခံသက်တမ်း

အာမခံကြေး စတင်ပေးသွင်းသည့်နေ့မှစ၍ တစ်နှစ်ပြည့်သည့်နေ့အထိဖြစ်ပြီး ၎င်းနေ့၏ည(၁၂)နာရီတွင် သက်တမ်းကုန်ဆုံး ပါမည်။


အာမခံထားငွေ

  • အနည်းဆုံးကျပ် (၁) သိန်းမှ အများဆုံး ကျပ် သိန်း (၅၀) အထိ ထားရှိနိုင်ပါသည်။

ပရီမီယံကြေး

  • ပရီမီယံနှုန်းထားမှာ အာမခံထားငွေ၏ ၁ ရာခိုင်နှုန်း ဖြစ်ပါသည်။