CB Insurance ... For your Financial Security !

ခရီးသွားအာမခံ

ပြည်တွင်း/ ပြည်ပခရီးစဉ်များအတွင်း ခရီးသည်များမတော်တဆထိခိုက်မှုကြောင့် ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းအတွက် ထားရှိနိုင်သော အာမခံအကာအကွယ်ဖြစ်ပါသည်။


အကျိုးခံစားခွင့်များ

  • သေဆုံးမှုအကျိုးခံစားခွင့်
    • ပြည်တွင်း/ပြည်ပခရီးစဉ်များအတွက် ၁ ယူနစ် ၅ သိန်းကျပ် ရရှိပါမည်။
    • မိုင် ၁၀၀ အောက် ခရီးစဉ်အတွက် ပုံသေ သိန်း ၂၀ ကျပ် ရရှိပါမည်။
  • ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွင့်
    • ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ထားသောနှုန်းထားများအတိုင်း
  • ဆေးရုံတက်ရောက်ကုသရခြင်းနှင့် လုပ်ငန်းခွင်ပျက်ကွက်ခြင်း
    • ပြည်တွင်း/ပြည်ပခရီးစဉ်များအတွက် ရက်သတ္တတစ်ပတ်လျှင် ၁ ယူနစ် ကျပ် ၄၀၀၀ နှုန်းဖြင့် အများဆုံးရက်သတ္တ ၅၂ ပတ်ထိ ရရှိပါမည်။
    • မိုင် ၁၀၀ အောက် ခရီးစဉ်အတွက် ရက်သတ္တတစ်ပတ်လျှင် ပုံသေ ကျပ် ၃၂၀၀ နှုန်းဖြင့် အများဆုံးရက်သတ္တ ၅၂ ပတ်ထိ ရရှိပါမည်။

ပရီမီယံနှုန်းထား

စဉ်

အမျိုးအစား

အာမခံသက်တမ်း

ပရီမီယံနှုန်းထား (၁ ယူနစ်)

 

ဝယ်ယူနိုင်သည့်ယူနစ်

ပြည်တွင်းခရီးစဉ်

၁ ရက် မှ ၃ လ အထိ

(၁) ရက်ခရီး ကျပ် (၁၀၀)
(၃) ရက်ခရီး ကျပ် (၁၅၀)
(၁) ပတ်ခရီး ကျပ် (၂၀၀)
(၂) ပတ်ခရီး ကျပ် (၂၅၀)
(၁) လခရီး ကျပ် (၃၀၀)
(၁) လ နှင့် (၁၅) ရက်ခရီး ကျပ် (၃၅၀)
(၂) လခရီး ကျပ် (၄၀၀)
(၂) လ နှင့် (၁၅) ရက်ခရီး ကျပ် (၄၅၀)
(၃) လခရီး ကျပ် (၅၀၀)

၁- ၂၀ ယူနစ်အထိ

ပြည်ပခရီးစဉ် 

၁ ပတ် မှ ၃ လ အထိ

(၁) ပတ်ခရီး ကျပ် (၂၀၀)
(၂) ပတ်ခရီး ကျပ် (၂၅၀)
(၁) လခရီး ကျပ် (၃၀၀)
(၁) လ နှင့် (၁၅) ရက်ခရီး ကျပ် (၃၅၀)
(၂) လခရီး ကျပ် (၄၀၀)
(၂) လ နှင့် (၁၅) ရက်ခရီး ကျပ် (၄၅၀)
(၃) လခရီး ကျပ် (၅၀၀)

၁- ၂၀ ယူနစ်အထိ

မိုင် (၁၀၀) အောက်ခရီးစဉ်

ဂိတ်အစမှ အဆုံးအထိ

ပုံသေကျပ် (၁၀၀)

-